Saturday, January 9, 2016

MMM Global နှင့်ပတ်သက်ပြီး စည်းကမ်းချက်များနှင့်သတိပေးချက်များ

- MMM Global မှာလုပ်ကိုင်လိုသော Member များနှင့်လုပ်ကိုင်နေသောမန်ဘာများအနေဖြင့် အောက်ပါအချက်     များကို အတိအကျလိုက်နာရပါမည်။
- MMM Global တွင်စတိုင်လုပ်ကိုင်မည်ဆိုပါကမိမိရဲ့ Guider's or Manager ဘယ်သူဘယ်ဝါ ဖုန်းနံပတ်တို့ကို အတိအကျသိရှိထားရမည်။ 
- Mini Job များပြုလုပ်ပါက Computer အသုံးပြုပြီးပြုလုပ်သူဖြစ်ရမည်။ 
  (ဖုန်းဖြင့်လည်းရပါသည် သို့သော်အချို့       Mini Job များသည်ဖုန်းဖြင့်အဆင်မပြေသည်များလည်းရှိသည်။ ကွန်   ပျူတာဖြင့်လုပ်ကိုင်ခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။) 
- One Account / One IP Address / One Computer သာအသုံးပြုရမည်။
  Public Wifi ဖြင့် Account အားအသုံးမပြုရ၊ အသုံးပြုလျှင်မူလ Account သာအသုံးပြုထားသော Wifi ဖြစ်ရမည်။   ၎င်း Wifi အတွင်း ဒုတိယ Account ဖွင့်မိလျှင် မူလအကောင့်ရော ၊ နောက်အကောင့်ပါ Security အရ ထိန်းသိ   မ်းခံရမည်။   ပြစ်မှုမြောက်လျှင် Account Suspended အလုပ်ခံရမည်။ 
- မိမိ Account အားတစ်ပါးသူထံသို့ လွှဲပြောင်းပေးအပ်ခြင်းမပြုရ။ 
- MMM Global စတင်အသုံးပြုတော့မည်ဆိုပါက မိမိ၏ Guider's or Manager ၏ ညွှန်ကြားချက်အတိုင်းအတိအကျလုပ်ဆောင်ရမည်။ 
- MMM Global တွင် Register ပြုလုပ်လျှင် မိမိနာမည်အရင်း နှင့်ဖုန်းနံပတ် မိမိရဲ့ Bitcoin Wallet Address ကိုသာ တစ်ခါတည်းအပြီးသတ်ထည့်ရမည်၊ ပြောင်းလဲခြင်း၊ နာမည်ချိန်းခြင်းပြုလုပ်လိုလျှင် Guider or Manager ထံသို့ ချက်ချင်းအသိပေးရမည်။
 ကျေးဇူးပြု၍ Video အားဖွင့်ကြည့်ပြီးအသေးစိတ်နားထောင်ပေးကြပါ။



Credit to >> http://mmmglobal4myanmar.blogspot.com/2015/12/mmm-global_9.html

Friday, January 8, 2016

MMM Global အကြောင်းနှင့်အလုပ်လုပ်ပုံ

                           

ပိုက်ဆံဆိုတာဘာလဲ...?
================== 

(ဘဏ်စနစ်အကြောင်းတစ်စေ့တစ်စောင်း) ပိုက်ဆံရှာမယ့်သူတွေဆိုတော့ ပိုက်ဆံအကြောင်းအရင်မေးပါမယ်။ဟုတ်ပြီ။ 
ပိုက်ဆံဆိုတာ ဘာလဲ? စဉ်းစားကြည့်ရင် ပိုက်ဆံဆိုတာ စက္ကူတစ်ရွက်ပါပဲ။ အဲ့ စက္ကူကို အလုပ်ရှင် က အလုပ်သမားကို "သူရဲ့လုပ်အား" အတွက် ပေးနေကြတာပါ။
ဒါဆို ဘဏ်လုပ်ငန်းရှင်တွေလည်း အလုပ်လုပ်နေတာပဲ။ အလုပ်သမားတွေကလည်း အလုပ်လုပ်နေတာပဲ။
 ဘာလို့ ဘဏ်လုပ်ငန်းရှင်တို့က ပိုချမ်းသာနေရသလဲ? 
သူတို့က အလုပ်တွေပိုလုပ်နေလို့လား? 
ပိုက်ဆံနဲ့ လူတစ်ယောက်ရဲ့ လုပ်အားကို တိုင်းတာလို့ရသလား? 
မဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ ခုချိန်ထိ ကျွန်စနစ်က ရုန်းမထွက်နိုင်ကြသေးပါဘူး။
ဒီနေရာမှာ ကျွန်ကို အလုပ်သမားတွေလို့ သတ်မှတ်ပြီး သခင်အဖြစ် ဘဏ်တွေ၊ဘဏ်လုပ်ငန်းရှင်တွေလို့ သတ်မှတ်ပါရစေ။ 
ပိုက်ဆံဆိုတဲ့ စက္ကူတွေရဲ့ ရင်းမြစ်က US Federal Reserve System ပါ။
သူတို့ဟာ ဒေါ်လာတွေကို ကြိုက်သလောက်ထုတ်ယူလို့ရနေပါတယ်။
ဒါပေမယ့် ငွေကြေးဖောင်းပွမှုမရှိအောင် အကန့်အသတ်နဲ့ပေါ့။ ဟုတ်ပြီ။
ပိရမစ်ပုံနဲ့ ပြောရမယ်ဆို သူတို့ဟာ ပိရမစ်ရဲ့ ထိပ်ဆုံးမှာရှိနပေါတယ်။
သူတို့ရဲ့အောကျတစ်ဆင့်မှာက နိုင်ငံအသီးသီးရဲ့ အစိုးရဘဏ်တွေရှိနေပါတယ်။
အဲ့တော့ ပိရမစ်ရဲ့ အောက်ဆုံးက အလုပ်သမားတွေရဲ့လုပ်အားကို သူတို့က ကြိုက်သလို ခြယ်လှယ်နေကြပါတယ်။
ဘယ်လိုခြယ်လှယ်သလဲ? လူ၃ယောက်နဲ့ ဥပမာပေးပါမယ်။ 
မောင်မောင်၊ မြမြ၊ လှလှ ဆိုပြီး သုံးယောက်ရှိတယ်ဆိုပါစို့။
မောင်မောင် ကို ဘဏ်လို့သတ်မှတ်ပြီး မြမြနဲ့လှလှကို အလုပ်သမားအဖြစ်သတ်မှတ်ပါမယ်။
လှလှဆီမှာ ၁၀၀တန်တဲ့ စက်ဘီးတစ်စီး ရှိတယ်ဆိုပါတော့။
ဒါကို မြမြ ကဝယ်ချင်တယ်။ ဒါပေမယ့် သူ့ဆီမှာ ပိုက်ဆံက ၁၀ ပဲရှိတယ်။
အဲ့တော့ မြမြ က လှလှကို သူ့မှာ ရှိတဲ့ ၁၀ ကိုစရန်အဖြစ်ပေးလိုက်တယ်။
ဒီအချိန်မှာ လှလှ က ဘယ်လိုစဉ်းစားမလဲ? ဟုတ်တာပေါ့ ။
အတိုးပေးတဲ့ နေရာမှာ အပ်မှာပေါ့ဆိုပြီး မောင်မောင် (ဘဏ်) ဆီအပ်လိုက်တယ်။
မောင်မောင် က သူ့ကို ၅ ကျပ်တိုးနဲ့ပေးတယ်ထားပါတော့။
အဲ့အချိန်မှာ စက်ဘီးဝယ်ဖို့ပိုက်ဆံလိုနေတဲ့ မြမြက မောင်မောင့်ဆီသွားပြီး ၁၀ ချေးတယ်။
မောင်မောင်က လှလှဆီက ရထားတဲ့ ပိုက်ဆံကို ၁၀တိုးနဲ့ မြမြဆီ ချေးလိုက်တယ်။
အဲ့လိုနဲ့ ပဲ မြမြက လှလှ ရဲ့စက်ဘီးကို လည်းပိုင်ရော။ အဲ့အချိန်မှာ မောင်မောင်က လှလှကို ၅ ကျပ်တိုးနဲ့ ၁၀၀ တိတိ အအပ်ခံထားတာကိုတွေ့ရပါတယ်။
တကယ်တမ်းမောင်မောင့် လက်ထဲမှာရှိနေတာကတော့ ငွေ ၁၀ ပါပဲ။
မြမြကို ချေးလိုက်တဲ့ ၉၀ နဲ့ လှလှ လာအပ်တဲ့ ၁၀၀ ဆိုတာ စာရင်းထဲမှာပဲရှိနေတာပါ။
ဒါပေမယ့် အတိုးနှုန်းကျ ကွာသွားပြီလေ။
ဒီတော့ ကြားထဲက မောင်မောင် အတိုး ၅ ကျပ်နှုန်းစာ အမြတ်ထွက်သွားတာကိုတွေ့ရပါလိမ့်မယ်။
ဒီကိစ္စကိုသေချာစဉ်းစားကြည့်ရင် မောင်မောင်ဆီမှာ မူလက ပိုက်ဆံ လုံးဝမရှိခဲ့ပါဘူး။ 
ဒါပေမယ့် အဆုံးမှာ မြတ်သွားတာက မောင်မောင်ပါ။
ဒီဥပမာကို ကြည့်ရင် ဘဏ်တွေက လူတွေကို ခြယ်လှယ်နေတယ်ဆိုတာ သိနိုင်ပါတယ်။
အဲ့တော့ကျွန်တော်တို့ရဲ့လုပ်အား ကျွန်တော်တို့ရဲ့ ပိုင်ဆိုင်မတွေကို ဘဏ်တွေအောက်မှာ ချယ်လှယ်ခံနေဦးမှာလား? 
MMMGlobal ကိုလေ့လာကြည့်ကြပါ။
MMM ဆိုတာ ဘာလဲ?
MMM Global ဟာ Bank ၊ Multilevel Marketing ၊ Investment လုံးဝမဟုတ်ပါဘူး။
MMM Global ဟာ ဘဏ်စနစ်နဲ့ လုံးဝကွဲထွက်ပြီး မျှတမှုရှိနေတာကို တွေ့ရပါလိမ့်မယ်။
MMM မှာက လူတစ်ဦးတစ်ယောက်တည်းက ခြယ်လှယ်နေတာ မဟုတ်ပါဘူး။
အကူအညီလိုတဲ့ လူတစ်ယောက်ကို အခြားအကူအညီပေးနိုင်တဲ့ လူတစ်ယောက်က သူ့ရဲ့ ပိုက်ဆံနဲ့ "တိုက်ရိုက်" ကူညီလိုက်တာပါ။
ဒါဟာ ရိုးရှင်းတဲ့ လူ့အဖွဲ့အစည်းတစ်ခုရဲ့ သဘောသဘာဝပါ။
လူအချင်းချင်း ကူညီနိုင်ဖို့ အတွက် ချိတ်ဆက်ပေးတဲ့ system တစ်ခုလို့ပြောရင်လည်း မမှားပါဘူး။
MMM Global ဟာ Member to Member စနစ်သာဖြစ်ပါတယ်။
ဒါကြောင့် MMM မှာလုပ်ကိုင်သူမြားလေလေ MMM ပိုခိုင်မာလေလေပါ။
ဒါကြောင့်ကိုယ်လုပ်ကိုင်လို့ အဆင်ပြေရင် ကိုယ့်ရဲ့သူငယ်ချင်းတွေကို ဖိတ်ခေါ်ပါ။
လက်ရှိမှာတော့ လူသန်းချီရှိနေပါပြီ။ ဒါကြောင့် mmm ပြိုကွဲဖို့ဆိုတာ အရမ်းခဲယဉ်းသွားပါပြီ။
Member to Member စနစ်ဖြစ်တဲ့အတွက် လူများလေလေ ပိုခိုင်လေလေပါ။
ကဲ..ကျွန်တော်တို့တွေ လူသားချင်းချင်း ကူညီကြရင်းနဲ့ ကမ္ဘာသစ်တစ်ခုဆီကို တူတူ လျှောက်ကြရအောင်လားဗျာ။

MMM ရဲ့ Founder အကြောင်း
 ======================== 

ဒီ MMM Global ကို စတည်ထောင်ခဲ့တဲ့ Sergey Mavrodi အကြောင်းလည်း နည်းနည်း ပြောပြချင်တယ်ဗျ။

 ဒါကတော့ သူ့ရဲ့ကိုယ်ရေးရာဇဝင်အကျဉ်းပါ။ 

အမည် - Sergey Mavrodi 
လူမျိုး - ရုရှား
မွေးသက္ကရာဇ်- သြဂုတ် ၁၁ ၁၉၅၅ (၆၀)နှစ်
ပညာအရည်အချင်း - သင်္ချာပညာရှင် 

သူ့ရဲ့ဘဝဇာတ်ကြောင်းကို ပြောပြဦးမယ်။
သူဟာငယ်စဉ်ကတည်းက သင်္ချာပညာမှာ ထူးချွန်ခဲ့ပြီး သင်္ချာပြိုင်ပွဲတွေမှာ ဆုတွေမကြာခဏရခဲ့တဲ့ သူတစ်ဦးပါ။ 
၁၉၇၈ ခုနှစ်မှာ Moscow Institute of Electronic Engineering ကနေ Applied Mathematics (အထူးသင်္ချာ) ဖြင့် ဘွဲ့ရခဲ့ပါတယ်။
ဘွဲ့ရပြီးပြီးချင်းမှာ ပရိုဂရမ်မာ တစ်ဦးအဖြစ်ရပ်တည်ခဲ့ပေမယ့် အဲ့နောက်ပိုင်းမှာ အလုပ်ထွက်ပြီး ဗီဒီယိုနဲ့အော်ဒီယို ဓာတ်ပြား ရောင်းဝယ်ရေးကိုပြောင်းလဲလုပ်ကိုင်ခဲ့ပါတယ်။
ဒီလိုနဲ့ ၁၉၈၉ မှာတော့ မူရင်းမူလ MMM ဆိုတဲ့ ကုမ္ပဏီကို စတင်တည်ထောင်ခဲ့ပါတယ်။
ကုမ္ပဏီဆိုပေမယ့် အပြန်အလှန် ကူညီတဲ့ အဖွဲ့အစည်းသဘောမြို့လေးပါ။
ကွန်ပျူတာနဲ့ပတ်သက်တဲ့ ပစ္စည်းတွေကို တစ်ယောက်နဲ့တစ်ယောက် ရောင်းဝယ်ဖို့အတွက်ကူညီပေးတာပါ။
ဒီလိုနဲ့ Mavrodi ရဲ့ brand ဟာ ၁၉၉၂ လောက်မှာ မော်စကိုမြို့မှာ လူသိများလာခဲ့ပါတယ်။
၁၉၉၄ မှာတော့ သူဟာ အထူးအဆန်းတစ်ခုကို စတင်ဖန်တီးပါတော့တယ်။
ယခု လက်ရှိ ကုမ္ပဏီရဲ့ မူလ idea လို့ ပြောလို့ရပါတယ်။
ဘာလဲဆိုတော့ သူကိုယ်တိုင်ဖန်တီးထားတဲ့ MMM လက်မှတ်တွေကို ရောင်းချတာပါ။
အဲ့လက်မှတ်တွေကို တန်ကြေးအသီးသီးသတ်မှတ်ပြီး ကိုယ်ဝယ်တဲ့ လက်မှတ်ရဲ့ တန်ဖိုး ၂ ဆ ကို တစ်လအကြာမှာ Mavrodi က ပြန်ဝယ်တာပါ။
တစ်ရာတန် လက်မှတ်ဝယ်ရင် တစ်လအကြာမှာ အဲ့လက်မှတ်ကိုပဲ ၂၀၀ ပေးပြီး Mavrodi က ပြန်ဝယ်တာပါ။ 
အဲ့လိုနဲ့ ၆လအကြာမှာ ငွေကြေးဖောင်းပွမှုတွေ ရုရှားမှာ ကြုံတွေ့လာတော့ အစိုးရက Mavrodi ကို အခွန်တိမ်းရှောင်တယ်ဆိုပြီး ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။
Mavrodi က ယခင်က လက်မှတ်ဝယ်သူတွေကို ပိုက်ဆံပေးချေနိုင်ခဲ့ပေမယ့် ထောင်ထဲရောက်သွားတဲ့အခါကျ သူ့ ကုမ္ပဏီလည်းပျက်၊နာမည်လည်းပျက်၊ အများပြည်သူကလည်းသူ့ကို အယုံအကြည်ပျက်သွားကြပါတယ်။
တကယ်တမ်းတော့ Mavrodi လိမ်လည်ခဲ့တာ "လုံးဝ" မဟုတ်ပါ။
ဒီလိုနဲ့ ၁၉၉၄ အောက်တိုဘာလမှာ ရွေးကောက်ပွဲအတွက်ရွေးချယ်ခံရတော့ ထောင်က ပြန်လွတ်လာပြီး လွှတ်တော်အမတ်ဖြစ်လိုက်ပါသေးတယ်။
ဒါပေမယ့် အစိုးရဘက်က သူတွေက သူ့ကို မလိုလားပါဘူး။
အဲ့တော့ "အမတ်တစ်ယောက်က စီးပွားရေးတွေလုပ်နေတယ်" ဆိုတဲ့ အကြောင်းပြချက်နဲ့ သူ့ရဲ့ အမတ်ရာထူးကို ဖြုတ်ချခဲ့ပါတယ်။
အဲ့လိုနဲ့ သူ့ကို International Wanted List ထဲမှာထည့်ပြီး ပြန်ဖမ်းဆီးဖို့ကြိုးစားပါတော့တယ်။
နှစ်အတော်ကြာ အိမ်ဆောင်လေးတစ်ဆောင်ငှားနေပြီး ပုန်းရှောင်နေခဲ့ပါတယ်။
ဒါပေမယ့် ၂၀၀၃ ခုနှစ်မှာ ဖမ်းဆီးခံခဲ့ရပါတယ်။
သူ့ MMMပျက်သွားတဲ့အခါ အစိုးရက ငွေ ဒေါ်လာ သန်း ၁၁၀ လောက်အမြတ်ထွက်ခဲ့ပါတယ်။
Mavrodi ဟာ MMM မှာရင်းနှီးတဲ့ သူတွေရဲ့ ပိုက်ဆံတွေကို ကိုယ်ကျိုးအတွက် အနည်းကျဉ်းမျှ မသုံးခဲ့ပါဘူး။ သူဟာ ဘဏ်စနစ်ကို တော်လှန်နေတာပါ။ 
ဒီလိုနဲ့ထောင်ကလွတ်ပြီး ၂၀၁၁ ခုနှစ်မှာတော့ ယခု MMM Global ကုမ္ပဏီကိုတည်ထောင်လိုက်ပါတယ်။
ဒီအခါမှာတော့ Mavrodi ဟာအတိတ်က အမှားတွေကို သင်ခန်းစာယူပြီး ပိုက်ဆံတွေကို သူ့ဆီမှာ မထားတော့ပါဘူး။
ရင်းနှီးသူတွေရဲ့ အကောင့်တွေမှာပဲ ထားပါတယ်။
ပြီးတော့ စကားလုံးအသုံးအနှုန်း မငြိစွန်းရအောင် Provide Help နှင့် Get Help ဆိုပြီးသုံးစွဲပါတော့တယ်။
ယခုဆိုရင် MMM Global ဟာဖြင့် လေးနှစ်ကြော်တည်မြဲခဲ့ပြီဖြစ်ပြီး Member များစွာဖြင့် လည်ပတ်နေတဲ့ Community (လူ့အဖွဲ့အစည်း) ကြီး တစ်ခုအဖြစ် ရပ်တည်နေနိုင်ပါပြီ...

MMM Global မှာဘယ်လိုအလုပ်လုပ်ကြမလဲ? ================================ 
MMM Global မှာ အလုပ်လုပ်ဖို့အတွက် လိုအပ်တာတွေကတော့ 
၁.ကွန်ပျူတာ/လက်ပ်တော့/ဖုန်း တစ်လုံး 
၂.ကိုယ်ပိုင် IP Address နဲ့ အင်တာနက်လိုင်းတစ်လိုင်း
(Ooredoo တို့ Telenor တို့ အင်တာနက်ဆိုရင် ကိုယ်ပိုင် IP Address ရပါတယ်။
နိုင်ငံခြားမှာနေထိုင်တဲ့သူတွေ ပိုအဆင်ပြေပါတယ်။)
၃.Gmail အကောင့်တစ်ခု 
၎.Bitcoin Wallet တစ်ခု (MMM Global က ရတဲ့ ပိုက်ဆံတွေအားလုံး ဒီ Wallet ထဲကိုသွားမှာပါ။) ၅.MMM Global အကောင့်တစ်ခု 
၆.တစ်နေ့လျှင် အချိန် ၁၅ မိနစ်ပတ်လည် 
၇.ကြိုးစားချင်စိတ် အထက်ပါအချက်တွေ ရှိရင် MMM Global မှာအလုပ်လုပ်ကိုင်လို့ ရပါပြီ။
ကွန်ပျူတာတို့လက်ပ်တော့တို့က ပိုအဆင်ပြေပါတယ်။
IP Address မထပ်ဖို့ကိစ္စက အရမ်းအရေးကြီးပါတယ်။
အင်တာနက်လိုင်းတစ်လိုင်းကို device တစ်ခု အကောင့်တစ်ခု နဲ့ပဲ သုံးစွဲကြရမှာဖြစ်ပါတယ်။
မဟုတ်ရင် ban ခံထိမှာပါ။ 
MMM Global မှာ အလုပ်လုပ်ရမယ့်ငွေကြေးကတော့ Bitcoin ဖြစ်ပါတယ်။
Bitcoin တွေကိုမိမိတို့ရဲ့ Wallet တွေထဲမှာ သိမ်းဆည်း ရမယ်ဖြစ်ပါတယ်။ 
Bitcoin တွေကို Exchanger တွေဆီမှာ မြန်မာငွေနဲ့ ရောင်းဝယ်နိုင်ကြပါတယ်။ 
နိုင်ငံခြားကဆိုရင်တော့ နိုင်ငံတော်တော်များများက ဘဏ်တွေနဲ့ချိတ်ဆက်အသုံးပြုနိုင်နေပါပြီ။
ငွေလဲလှယ်ဖို့ကလည်း Bitcoin ATM တွေရှိနေပါပြီ။
မြန်မာနိုင်ငံကတော့ သက်ဆိုင်ရာ Exchanger တွေဆီဆက်သွယ်ပြီး Bitcoin ကိုအဝယ်အရောင်းလုပ်ကြရမှာဖြစ်ပါတယ်။ 
MMM Global မှာ Mini Job တွေလုပ်ရပါတယ်။ 
၁၀၀% အတိုးရဖို့အတွက် တစ်လတာ Mini Job အားလုံးကို ပြီးမြောက်အောင် ဆောင်ရွက်ကြရပါမယ်။ Mini Job တွေကို အချိန် အနည်းငယ်မျှသာပေးပြီး ဆောင်ရွက်နိုင်ကြပါတယ်။ 
အရေးကြီးဆုံးက ကြိုးစားချင်စိတ်ပါ။ မိမိကိုယ်တိုင်က လိုချင်စိတ်ရှိမှ အောင်မြင်မှာပါ။ 
မိတ်ဆွေတို့ရဲ့ အထက်က Guider တွေ Manager တွေကလည်း ကူညီဖို့ အချိန်မရွေး အသင့်ရှိနေကြမှာဖြစ်ပါတယ်။ 
MMM မှာ အောင်မြင်တဲ့သူတွေအကြောင်းကို MMM Global FB page မှာ ကြည့်ရှု့နိုင်ပါတယ်။ 
MMM Global နှင့်အာမခံချက် =========================
ပြောရရင်တော့ MMM Global မှာ ရာနှုန်းပြည့် အာမခံချက်မရှိဘူးဗျ။ 
MMM Global ကို မခိုင်မာဘူးလို့ ပြောချင်တာ မဟုတ်ဘူးနော်။ 
ဘာလို့လဲဆိုတော့ MMM က လည်း ဘဏ်တစ်ခုလိုပါပဲ။ 
MMM ဘယ်ချိန်မှာပျက်မလဲ? အခြေအနေ၂ မျိုးရှိပါတယ်။ 
ပထမတစ်ခုက MMM Global မှာ လူတွေ ပိုက်ဆံထပ်မထည့်တော့ဘူးဆိုရင် MMM ပျက်ပါမယ်။
နောက်အခြေအနေ တစ်ခုက MMM Global မှာ ပိုက်ဆံထည့်ထားတဲ့သူတွေအားလုံးက သူတို့ပိုက်ဆံတွေကို တပြိုင်တည်းထုတ်ကြပြီဆိုရင် MMM ပျက်ပါမယ်။ 
ဒါက ဘဏ်တွေလိုပါပဲ။
ဘဏ်တွေကလည်း ငွေချေးလုပ်ငန်းနဲ့ အဓိက ရပ်တည်နေတာပါ။ 
ဒီသဘောပါပဲ။ 
MMM ပျက်ပြီဆိုရင်တောင် Mavrodi ဆီမှာ Backup Money ဆိုပြီး အရန်သင့်ရှိပါတယ်။
နောက်တစ်ချက်ရှိပါတယ်။ 
ကျွန်တော်တို့ ခု အလုပ်လုပ်မှာက Online မှာပါ။
Online ဆိုတဲ့ နေရာမှာ တည်မြဲမှုဆိုတာ မသေချာပါဘူး။ 
အဲ့အတွက် MMM Global မှာ ရင်းနှီးမြုပ်နှံမယ်ဆိုရင် မိမိတို့ရဲ့ "SPARE MONEY" (ငွေပိုငွေလျှံ) ကိုသာ ရင်းနှီးကြပါ။ 
တစ်ခုခုဖြစ်ခဲ့ရင် မိမိကိုယ်တိုင်ပဲ နစ်နာရမှာပါ။ 
ထပ်ပြောပါမယ်။ SPARE MONEY ကိုသာ အသုံးပြုကြပါ။ 
MMM Global ဝက်ဘ်ဆိုက်မှာလည်း Warning ပေးထားပါတယ် "သင့်ရဲ့ငွေတွေကို ချေးငှားပေါင်နှံပြီးမရင်းပါနဲ့ ငွေပိုငွေလျှံကိုသာသုံးပါ"တဲ့။ 
ဒါကလည်းမှန်ပါတယ် အရာရာတိုင်းကယုံကြည်လို့မရတဲ့ခေတ်မှာ အင်တာနက်မှာဆိုပိုဆိုးပါတယ်။ 
ဒါပေမယ့် MMM Global မှာလူပေါင်းသန်းချီ ယုံယုံကြည်ကြည်လုပ်ကိုင်နေကြတယ်ဆိုတာ အမှတ်ရပေးပါ။ MMM Global ဘယ်လောက်ခိုင်မာသလဲဆိုတာ MMM မှာလုပ်ကိုင်နေသူတွေအသိဆုံးပါ။ 
လက်ရှိကျွန်တော်တို့မြန်မာနိုင်ငံသားတွေလည်း အများအပြားလုပ်ကိုင်နေကြပါပြီ ကျရှုံးသူတွေမရှိသလောက် လုပ်ကိုင်သူတိုင်း အောင်မြင်နေကြတာကိုတွေ့မြင်နေကြရပါတယ်။
ဒါပေမယ့် တကယ်လို့ဝင်ရောက်လုပ်ကိုင်ကြမယ်ဆိုရင်တော့ ငွေပိုငွေလျှံကိုသာအသုံးပြုကြပါ။
တစ်ခုခုဖြစ်ရင် ကိုယ်ပဲနစ်နာမယ်ဆိုတာ မမေ့ပါနဲ့။
အောင်မြင်မှုကိုလိုချင်ရင်တော့ နည်းနည်းစွန့်စားကြည့်ကြရမှာပဲလေ။


http://www.mmmglobal4myanmar.blogspot.com/2015/12/mmm-global_12.html

MMM Global ဆိုတာဘာလဲ...?



MMM ဟာဘဏ်မဟုတ်ပါဘူး။
MMM ကသင်တို့ရဲ့ ပိုက်ဆံတွေကိုယူထားမှာ မဟုတ်ပါဘူး။
MMM ဟာ အွန်လိုင်းစီးပွားရေးလုပ်ငန်းလည်း မဟုတ်ပါဘူး ။
High Yield Investment Plan (HYIP) လည်းမဟုတ်ပါဘူး:) ဒါ့အပြင်ရင်းနှီးမြှုပ်နှံရတဲ့ နေရာလည်းမဟုတ်ပါဘူး။
Multi-Level Marketing (MLM) လည်းမဟုတ်ပါဘူး။
ဒါဆို MMM ဆိုတာဘာလဲ?
MMM ဆိုတာလူတစ်ဦးနဲ့တစ်ဦး အပြန်အလှန်ကူညီပေးတဲ့ Community တစ်ခုပါ။
MMM ဆိုတာ ဟာကမ္ဘာပေါ်မှာရှိတဲ့ အကူအညီလိုတဲ့လူတွေနဲ့ အကူအညီပေးချင်တဲ့လူတွေကိုချိတ်ဆက်ပေးနေတဲ့ Program တစ်ခုသာဖြစ်ပါတယ်။
MMM Global မှာငွေသွင်းငွေထုတ်လုပ်ဖို့ အွန်လိုင်းကာရန်စီတစ်မျိုးဖြစ်တဲ့ Bitcoin(BTC) ကိုအသုံးပြုကြရမှာဖြစ်ပါတယ်။
BTC ဟာလည်းအခြားအပြင်ကငွေးဈးတွေလိုဈေးနှုန်းကအမြဲတမ်းပြောင်းလဲနေပါတယ်။
တခါတလေကျပြီး တခါတလေဈေးတက်ပါတယ်။
ဒါကြောင့် BTC ဝယ်ရောင်းပြုလုပ်တဲ့အခါဈေးအတက်အကျကိုလူတိုင်းကြုံကြရပါလိမ့်မယ်။
BTC အကြောင်းကိုတော့ကျွန်တော်ပို့စ်တစ်ခုသက်သက်ရေးပေးပါ့မယ် တော်ကြာဒီ MMM Global နဲ့ရောသွားမှာစိုးလို့ပါ။ သင်တို့လွဲလိုက်တဲ့ BTC တွေကို MMM က တပြားတချပ်မှမယူပါဘူး။
သင်တို့လွဲလိုက်တဲ့ BTC တွေကိုတခြားအကူအညီလိုနေတဲ့ လူတွေကိုတိုက်ရိုက်လွဲပြောင်းပေးပါတယ်။
အလားတူပဲ သင်အကူအညီလိုတဲ့အချိန်မှာလည်း သင့်ကိုအကူအညီပေးဖို့ သန်းပေါင်းများစွာသော လူတွေကအသင့်ရှိနေပါတယ်။
MMM Global ရဲ့ဆောင်းပုဒ်ကလည်းရှင်းပါတယ် "ဒီနေ့သင်လူတစ်ယောက်ကိုကူညီရင် နောက်တစ်နေ့မှာသင့်ကိုပြန်ကူညီမယ့်သူပေါ်လာလိမ့်မယ်"တဲ့... 
စတင်ဝင်ရောက်လုပ်ကိုင်ချင်သူတွေအတွက်လည်း ဘာမှမခက်ပါဘူး။
အကောင့်ဖွင့် ငွေသွင်း နေ့စဉ် Mini Job လေးတွေပုံမှန်လုပ်ပေး ဒီလောက်ပါပဲ... 
အဓိကကတော့ စည်းကမ်းချက်လေးတွေပါ။
စည်းကမ်းချက်အတွက် ကျွန်တော်ပို့စ်တစ်ခုလုပ်ပေးထားပါတယ်။
ကျွန်တော်တို့ငွေသွင်းဖို့ကတော့ ကျွန်တော်တို့အပြင်ကငွေတွေကို BTC ဝယ်ပြီးထည့်ရမှာပါ။
Mini Job လေးတွေကလည်းလုပ်ရတာမခက်ပါဘူး တစ်နေ့ကို ၅ မိနစ်လောက်ပဲအချိန်ပေးပြီးလုပ်ကိုင်ရမှာဖြစ်ပါတယ်။
အလွန်ဆုံး ၁၀ မိနစ်ပေါ့နော်...
လုပ်ရမယ့်အလုပ်လေးတွေကလည်း မခက်ပါဘူး။
သူကနေ့စဉ်အလုပ် ၅ ခုပေးထားပါလိမ့်မယ်။
၅ ခုထဲကကြိုက်တဲ့တစ်ခုရွေးလုပ်ပေါ့နော်...
အလုပ်တွေကလည်း တော်တော်များများ Facebook မှာ MMM Global ပဲပတ်သက်တဲ့ ပို့စ်တင်ခိုင်းတာတို့ Share ခိုင်းတာတို့ Comment ပေးခိုင်းတာတို့ အခြား Social Network တွေဖြစ်တဲ့ Twitter တို့ Instragram တို့မှာ ပို့စ်တင်ခိုင်းတာတို့ ကွန်မန့်ပေးခိုင်းတာတို့ ရှဲလုပ်ခိုင်းတာတို့အဲ့လောက်ပါပဲ... 
မခက်ပါဘူး ကိုယ်တွေလည်းနေ့တိုင်း အွန်လိုင်းတက်နေတာပဲလေ ဒီအလုပ်မျိုးလောက်တော့လုပ်နိုင်ကြမယ်ထင်ပါတယ်။ 
MMM မှာမည်သူမဆိုဝင်ရောက်လုပ်ကိုင်နိုင်ပါတယ်။
MMM Global နဲ့ပတ်သက်တာလေးတွေကို ဆက်လက်ရေးသားပေးသွားပါမယ်။
အကောင့်ဖွင့်နည်း ငွေသွင်းငွေထုတ်အကုန်တင်ပေးသွားပါမယ်။
အခြားအသေးစိတ်အကြောင်းအရာတွေကို မူရင်းဝက်ဘ်ဆိုက်မှာသွားရောက်ဖတ်ရှုနိုင်ပါတယ်။
ကျွန်တော်အွန်လိုင်းငွေရှာနည်းနဲ့ပတ်သက်ပြီးသင်ဆရာမြင်ဆရာဖြစ်တဲ့ ကိုထက်နိုင်လင်းကို 
ဒီကနေကျေးဇူးတင်ကြောင်းထပ်ပြောပါရစေ...

Credit to >> http://mmmglobal4myanmar.blogspot.com/2015/12/mmm-global.html